ဇူလိုင် ၂၃၊ မက်ဒီရာ။ ။ ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုဟာ အခုဆိုရင် ဘောလုံးသမားအဖြစ်သာမကဘဲ ဟိုတယ်သူဋ္ဌေးလည်း ဖြစ်လာခဲ့ပါပြီ။
သူရဲ့ဟိုတယ်လေးခုထဲက ပထမဆုံးဟိုတယ်ရဲ့ ဖွင့်ပွဲကိုမနေ့က ပြုလုပ်ခဲ့ရာမှာ စီရော်နယ်ဒိုလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီဟိုတယ်ကတော့ သူ့ရဲ့မွေးရပ်မြေ မဒီရာကျွန်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ပက်စ်တာနာဟိုတယ်အုပ်စုနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ဟိုတယ်သုံးခုကိုတော့ မက်ဒရစ်၊ လစ္စဘွန်းနဲ့ နယူးယော့ခ်မြို့ကြီးတွေမှာ ဖွင့်လှစ်မှာပါ။ မွေးရပ်မြေက ဟိုတယ်ဟာ အခန်းပေါင်း ၄၉ ခန်းပါရှိပြီး ၂၅ ခန်းကတော့ CR7 ပုံစံအခန်းလို့ အမည်ပေးထားပါတယ်။
သူ့ရဲ့စီးပွားရေးလုပ်ငန်းသစ်နဲ့ပတ်သက်ပြီး စီရော်နယ်ဒိုက (ပထမဆုံး ပက်စ်တာနာစီအာဆဲဗင်းဟိုတယ်ကို ကျွန်တော့်မြို့မှာ ဖွင့်လှစ်နိုင်ခဲ့လို့ သိပ်ဂုဏ်ယူမိပါတယ်။ စွန့်စားခန်းအသစ်တစ်ခုလည်းဖြစ်စေတယ်)လို့ ပြောဆိုခဲ့ပါတယ်။
လစ္စဘွန်းမြို့ကဟိုတယ်က စက်တင်ဘာလထဲမှာဖွင့်လှစ်ဖို့ရှိနေပြီး မက်ဒရစ်နဲ့နယူးယော့ခ်မြို့က ဟိုတယ်တွေကတော့ ၂၀၁၇ ထဲမှာ ဖွင့်လှစ်ဖို့ရှိနေပါတယ်။
Ref; Daily Mail