ဇွန် ၃၀၊ ရန်ကုန်။ ။ ရတနာပုံအသင်းနှင့် မြန်မာလက်ရွေးစင်ကစားသမား တစ်ဦးဖြစ်သူ အောင်သူသည် 2016 General Aung San Shield knock-out ပြိုင်ပွဲအဖြစ် ဟော်ရီဇွန်အသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် တစ်ပတ်ခန့်အနားယူရမည်ဖြစ်သည်။
ရတနာပုံ အသင်းတိုက်စစ်မှုး အောင်သူက “ဒဏ်ရာက လတ်တလော အကောင်းဆုံးကုသမှု ပြုလုပ်ထားပါတယ်။ ဆရာဝန်ရဲ့ ညွန်ကြားချက်အရတော့ တစ်ပတ်လောက်အနားယူဖို့လိုတယ်လို့ ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းနဲ့အတူပွဲထွက် ကစားချင်တာကြောင့် အမြန်ဆုံးသက်သာလာဖို့ အစွမ်းကုန်ကုသသွားမှာပါ ” ဟုပြောကြားခဲ့သည်။
ရတနာပုံတိုက်စစ်မှုး အောင်သူမှာ ရတနာပုံအသင်းနှင့် မြန်မာလက်ရွေးစင် အသင်းတွင် ခြေစွမ်းပြကစားနေသည့် အာဆီယံလူငယ်အကောင်းဆုံး ဆုရကစားသမားတစ်ဦးဖြစ်ပြီး 2016 GeneralAung San Shield knock-out ပြိုင်ပွဲအဖြစ် ဟော်ရီဇွန်အသင်းနှင့်ကစားသည့် ပွဲတွင် ဖနောင့်ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့်အတွက် တိုက်စစ်မှုး ရှိုင်းသူရနှင့် လူစားလဲခဲ့ရသည်။
အောင်သူသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရတနာပုံအသင်းအတွက် ခုနစ်ဂိုးသွင်းယူပေးထားသည်။