နယူးယော့ခ်၊ ဇူလိုင် ၂၅ ။ ။ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်သည် “America’s Got Talent” အစီစဉ်တွင် ဧည့်ဒိုင်လူကြီးအဖြစ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိ လူးဝစ်တွမ်လင်ဆန်သည် “Ameriac’s Got Talent” ပွဲစဉ် ၁၁ တွင် ဟာသမင်းသား ဂျော့လိုပက်ဇ်၊ တေးသံရှင် ရီဘာမက်အန်တားရား၊ နီယိုတို့နှင့်အတူ ဧည့်ဒိုင်လူကြီးအ ဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။
ဒိုင်လူကြီး ဆိုင်မွန်ကိုဝဲလ်၊ မဲလ်ဘီ၊ ဟဲဒီကူလမ်နှင့် ဟာရီမန်ဒဲလ်တို့သည် ဧည့်ဒိုင်လူကြီးအဖြစ် ကူညီဆောင်ရွက်ပေးရန် တစ်ပတ်လျှင် ကြယ်ပွင့်လေးဦးမှ တစ်ယောက်ကို ရွေးချယ်သွားမည်ဖြစ် သည်။ ”America’s Got Talent” ပွဲစဉ် ၁၁ ကို ဇူလိုင် ၁၂ ရက်တွင် စတင်သွားမည် ဖြစ်သည်။
America’s Got Talent အစီစဉ်တွင် ၂၀၁၀ ခုနှစ်က X Factor ပြိုင်ပွဲတွင် One Direction အဖွဲ့ ဖွဲ့စည်းမှုကို ကူညီပေးခဲ့သည့် ဆိုင်မွန်ကိုဝဲလ်နှင့် တွမ်လင်ဆန်တို့ ပြန်လည်ပေါင်းစည်းသွားမည် ဖြစ်သည်။
One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ်သည် ကိုလံဘီယာ တေးသံသွင်းကုမ္ပဏီနှင် စာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် အနာဂတ်တွင် One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းသွားမည်ဆိုခြင်းနှင့် စပ်လျဉ်း၍ မရေရာ မသေချာမှုများ ပိုမိုများပြားနေသည်။ One Direction အဖွဲ့ ခေတ္တရပ်နားမှု မတိုင်မီ ဇေယန်မားလစ်ခ်သည် ၂၀၁၅ ခုနှစ် မတ်လက အဖွဲ့အတွင်းမှ ထွက်ခွာခဲ့သည်။