ဆိုးလ်၊ ဇွန် ၂၂ ။ ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ SHINee အဖွဲ့သည် ဆိုးလ်မြို့၌ စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖျော်ဖြေပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ S.M. Entertainment က ဇွန် ၂၂ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲများသည် SHINee အဖွဲ့ ရှစ်နှစ်တာ အနုပညာသက်တမ်း တစ်လျှောက်တွင် ဆိုးလ်မြို့၌ ကျင်းပပြုလုပ်မည့် ပဉ္စမမြောက် ဖျော်ဖြေပွဲ ဖြစ်လာမည်ဖြစ်သည်။ ဆိုးလ်မြို့တွင် ကျင်းပပြု လုပ်ခဲ့သော ၎င်းတို့၏ နောက်ဆုံး ဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ် မေလက Olympic Gymnastics အားကစားကွင်းတွင် ကျင်းပခဲ့သည်။ သုံးရက်ကြာ “SHINee World IV” ဖျော်ဖြေပွဲတွင် ပရိတ်သတ် ၃၀၀၀၀ ခန့် တတ်ရောက်ခဲ့သည်။
SHINee အဖွဲ့သည် ဇူလိုင် ၁၆ နှင့် ၁၇ ရက်တို့တွင် အိုဆာကာမြို့၌ နှစ်ရက်ကြာ ဖျော်ဖြေပွဲ နှင့် သြဂုတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တိုကျိုမြို၌ နှစ်ရက်ကြာ ဖျော်ဖြေပွဲ အပါအဝင် ဂျပန်နိုင်ငံတွင် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ SHINee အဖွဲ့သည် ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့ တွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်မည့် KCON 2016 ပွဲတွင်လည်း ပါဝင် ဖျော်ဖြေသွားမည် ဖြစ်သည်။