နယူးယော့ခ်၊ မေ ၃၁ ။ ။ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်သည် ကြေးစားဘောလုံးသမား ဂျေမီဗာဒီ၏ ဘ၀ အတ္ထုပတ္တိအကြောင်းကို အခြေခံရိုက်ကူးမည့် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လက်စတာစီးတီးနှင့် အင်္ဂလန်အသင်းတိုက်စစ်မှူး ဂျေမီဗာဒီသည် ချက်ရှာဒေသတွင် မေ ၂၅ ရက်က ကျင်းပပြုလုပ်သော ၎င်း၏ မင်္ဂလာပွဲသို့ လူးဝစ်တွမ်လင်ဆန်ကို ဖိတ်ကြားခဲ့ကြောင်း Hello မဂ္ဂဇင်းက ဖော်ပြထားသည်။
ဂျေမီဗာဒီ၏ ပရီမီးယားလိဂ် အောင်မြင်မှုအကြောင်းကို အခြေခံရိုက်ကူးမည့် ယင်းရုပ်ရှင်ကား တွင် ဂျာမီဗာဒီအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ အရမ်းကို စိတ်လှုပ်ရှားမိကြောင်း မင်္ဂလာပွဲတွင် လူးဝစ်တွမ် လင်ဆန်က ပြောကြားခဲ့သည်။
“ဒါဟာ အရမ်းကို တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုပါ။ ဂျေမီရဲ့ဘဝဇာတ်ကြောင်းဟာ မယုံနိုင်စ ရာပါပဲ။ ဘောလုံးပရိတ်သတ် တစ်ယောက်အနေနဲ့ကတော့ ဂျေမီလိုလူမျိုးတွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးမယ့် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမှာ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” ဟု လူးဝစ် တွမ်လင်ဆန်က ပြောကြားခဲ့သည်။
လူးဝစ်တွမ်လင်ဆန်သည် ဘောလုံးအားကစားနှင့် ပတ်သက်၍ အတွေ့အကြုံရှိတာကြောင့် ဘောလုံးသမားတစ်ယောက်အဖြစ် သရုပ်ဆောင်ခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း Guardian တွင် ဖော်ပြထားသည်။
လူးဝစ်သည် လက်ရှိအချိန်တွင် The Originals ဇာတ်ကား ကြယ်ပွင့် မင်းသမီး ဒန်နီရဲလ်ကမ် ဘဲလ်နှင့် တွဲနေသည်။ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်သည်လည်း ဒုတိယကမ္ဘာစစ် ရုပ်ရှင် ကားကြီး “ Dunkirk” တွင် ပါဝင် သရုပ်ဆောင်လျက်ရှိသည်။