ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် ပက်ခ်ရှင်ဟေး

ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် ပက်ခ်ရှင်ဟေး

တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် မကြာမီထုတ်လွှင့်ပြသမည့် SBS ရုပ်သံ၏ “Entertainer” ဒရမ်မာဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

ပက်ခ်ရှင်ဟေး၏ ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများကို ဧပြီ ၂၆ ရက်က ထုတ်လွှင့်ပြသခဲ့ သည်။ ပက်ခ်သည် ယင်းဇာတ်ကားတွင် ကောလိပ်ကျောင်းသူ ယီအိုမင်ဂျိုအဖြစ် ပါဝင်သရုပ်ဆောင် သွားမည်ဖြစ် သည်။

ပက်ခ်သည် ယခင်က ယင်းဇာတ်ကားကို ရိုက်ကူးသော ဒါရိုက်တာ ဟောင်ဆောင်ချောင်၏ “You’re Beautiful” တွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အတွင်းလူတစ်ဦးက ပြောကြားသည်။ ပက်ခ်သည် ယင်းဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးရန် ဒါရိုက်တာ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

“Entertainer” ဇာတ်ကားကို SBS ရုပ်သံတွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသပေးနေ့တို့တွင် ည ၁၀ နာရီအချိန်၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly