မကွေးမြို့၊မြသလွန်စေတီတော်မြတ်ကြီး တည်ထားရာ မြသလွန်ကုန်းမြေပေါ်တွင် မောင်းသူမဲ့ယာဉ်ပျံ(Drone)များ ပျံသန်းခြင်း ခွင့်မပြုကြောင်း ဂေါပကအဖွဲ့ကထုတ်ပြန်ထားသည်။
မြသလွန်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ (၂/၂၀၁၆) အစည်းဝေး ဆုံးဖြတ်ချက်အရ မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး တည်ထားရာမြသလွန်ကုန်းမြေပေါ်တွင် မောင်းသူမဲ့ ယာဉ်ပျံများပျံသန်းခြင်း၊ ၎င်းယာဉ်ပျံများဖြင့် ဓါတ်ပုံ(သို့)ဗွီဒီယို ရိုက်ကူးခြင်းများအား လုံးဝ ခွင့်မပြု ကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ်ဘုရားဖူးရာသီ၌ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးတွင် အပျော်တမ်းကင်မယာသမားများနှင့် အလှူ အတန်းများကို လွတ်လပ်စွာ ရိုက်ကူးခွင့်ပြု လျှက်ရှိကြောင်း သိရသည်။