ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မျက်လုံးခွဲစိတ်မှု အောင်မြင်

ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မျက်လုံးခွဲစိတ်မှု အောင်မြင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၆ရက် သြင်္ကန်အတက်နေ့ နံနက် ၉နာရီက ဘယ်ဘက်မျက်လုံး အတွင်းတိမ်အတွင် ခွဲစိတ်မှု တစ်နာရီခွဲကြာ ပြုလုပ်ပေးနောက် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။ 

မျက်လုံးခွဲစိတ်မှုအပြီး မျက်လုံးကို ရက်အနည်းငယ်အနားပေးရန် အထူးကုဆရာဝန်ကြီးများက အကြံပြုထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုကို အောင်မြင်ခဲ့ပြီး အတက်နေ့တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို ထပ်မံခွဲစိတ်ခဲ့ခြင်းဖြစ်သည်။ 

ဧပြီ ၉ရက်က ခွဲစိတ်မှုအပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က သြင်္ကန်အကြတ်နေ့ ဧပြီ ၁၄ရက်တွင် ရုံးတက်ကာ လုပ်ငန်ဆောင်တာများ ပြုလုပ်ခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly