ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်
ထားသော ဒုသမ္မတသုံးဦးအနက် သမ္မတရွေးချယ်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၅ရက်က နံနက် ၁၀
နာရီတွင် မဲခွဲရွေးချယ်ရာ ဦးထင်ကျော်က မဲအများဆုံးရရှိကာ သမ္မတအဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။
မဲအများဆုံးဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိသူ ဦးမြင့်ဆွေ က ဒုသမ္မတ(၁)နှင့် တတိယမဲ
အများဆုံးရရှိသော ဦးဟင်နရီဗန်ထီးယူ က ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ခြင်း ဖြစ်သည်။
လျှို့ဝှက်မဲပေးကာ လွှတ်တော်အမတ် ၆၅၂ဦးက မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဦးထင်ကျော်က ၃၆၀ မဲ၊ ဦးမြင့်ဆွေ က ၂၁၃ မဲနှင့် ဦးဟင်နရီဗန်ထီးယူ က၇၉ မဲ ရရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဟင်နရီဗန်ထီးယူနှင့်
တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဦးမြင့်ဆွေတို့ကို ဒုသမ္မတများအဖြစ် အသီးသီးတင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ပြုလုပ်သည့် သမ္မတရွေးချယ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည်။