နယူးယော့ခ်၊ မတ် ၁၁ ။ ။ ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံသည် ကလေးခြောက်ယောက်နှင့်အတူ ဖေဖော်ဝါရီလကုန်က လန်ဒန်မြို့တွင် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၁ ၀၀၀ ဖြင့်ငှားထားသော အိပ်ခန်းရှစ်ခန်းပါ နေအိမ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း Us Weekly တွင် ဖော်ပြထားသည်။
ဂျိုလီတို့၏ နေအိမ်သစ်သည် ဆာရေးဒေသတွင် တည်ရှိပြီး အိမ်ဖြူတော် ပုံစံမျိုးဖြစ်ကာ လှပ ကြောင်း ဖော်ပြထားသည်။ အိပ်ခန်းရှစ်ခန်း ပါရှိသော အဆိုပါနေအိမ်တွင် မိုးလုံလေလုံ ရေကူးကန်နှင့် အားကစား လေ့ကျင့်ခန်းမ တစ်ခုပါဝင်ပြီး သိမ်းမြစ်အနီးတွင် တည်ရှိကြောင်း Us Weekly တွင် ဖော်ပြထားသည်။
ဘရက်ဒ်ပစ် “World War Z” နောက်ဆက်တွဲ ဇာတ်ကား ရိုက်ကူးနေစဉ် ဂျိုလီတို့မိသားစု သည် အဆိုပါအိမ်တွင် ခြောက်လကြာ နေထိုင်သွားမည် ဖြစ်သည်။ ဂျိုလီသည် လူသားချင်းစာနာ ထောက်ထားမှု စီမံကိန်းများကို လုပ်ဆောင်ရင်း ဗြိတိန်တွင် အချိန်ကုန်ဆုံးရန် မျှော်မှန်းထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် ဂျိုလီသည် ဆီရီးယားဒုက္ခ သည် ပြဿနာနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးကိစ္စရပ်များအပေါ် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများဖြစ်သော အသက် ၁၄ နှစ်အရွယ် မက်ဒေါ့ဇ်၊ အသက် ၁၂ နှစ်အ ရွယ် ပက်ဇ်၊ အသက် ၁၁ နှစ်အရွယ် ဇာရာ၊ ကိုးနှစ်အရွယ် ရှိုင်းလို့ရှ်၊ အသက် ၇ နှစ်အရွယ် အမြွှာမျာ ဖြစ်သော ဗီဗီအန်၊ နော့်ဇ်တို့ကို လန်ဒန်မြို့ရှိ The Lycee Francais Charles de Gaulle ကျောင်းတွင် စာရင်းပေးသွင်းရန် မျှော်မှန်းထားသည်။
ဂျိုလီနှင့် ဘရက်ဒ်ပစ်တို့သည် ယခင်က လန်ဒန်တွင် အိမ်တစ်လုံးဝယ်ယူရန် ကြည့်ရှုခဲ့သော်လ ည်း လုံခြုံရေးပိုင်ဆိုင်ရာ လုံလောက်မှုရှိသည့် နေအိမ်ကို ရှာတွေ့ခဲ့ခြင်း မရှိပေ။
ဂျိုလီတို့မိသားစု လန်ဒန်တွင် နေထိုင်ခြင်းသည် ပထမဆုံးအကြိမ် နေထိုင်ခြင်း မဟုတ်ပေ။ ၂၀၁၂ ခုနှစ်က ဂျိုလီတို့ ဇနီးမောင်နှံသည် လန်ဒန်ရှိ Whornes Place အိမ်ကြီးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၄ ၀၀၀ ဖြင့် ငှားရမ်း နေထိုင်ခဲ့ပြီး ဂျိုလီသည် “Maleficent” ဇာတ်ကားကို ရိုက်ကူးခဲ့ကာ ဘရက်ဒ်ပစ်သည် “The Counselor” ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။