တောမီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှားတွင် အရေးပေါ် အခြေအနေထုတ်ပြန်

တောမီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှားတွင် အရေးပေါ် အခြေအနေထုတ်ပြန်

အင်ဒိုနီးရှား ဆူမတြားကျွန်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် အနောက်ပိုင်း ရိုင်အူးပြည်နယ်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ထားရကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မတ် ၈ ရက်၌ ပြောသည်။

ပြီးခဲ့သည့်နှစ်က ပြည်နယ်တစ်ချို့တွင် တောမီးလောင်ကျွမ်းမှုကြီးမားခဲ့သည်။ နှစ်စဉ်နှစ်တိုင်းပင် အင်ဒိုနီးရှားတောမီးလောင်ကျွမ်းမှုသည် အရှေ့တောင်အာရှတွင် မီးခိုးမြူဖုံးမှုများ ကြုံတွေ့နေရမြဲဖြစ်သည်။ မနှစ်က တောမီးကြောင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံဖိုး ခန့်မှန်းဆုံးရှုံးခဲ့သည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးက အခု အရေးပေါ် အခြေအနေကြေညာလိုက်ပါပြီ။ ၂၀၁၅ က အတိုင်း မီးခိုးမြူဆိုင်းမှုတွေ ထပ်ဖြစ်လာမှာကို ကြိုကာကွယ်နိုင်ဖို့အတွက်ပါ။" ဟု ပြည်နယ်အုပ်ချုပ်ရေးရုံးပြောရေး ဆိုခွင့်ရှိသူ ဒါရုစမန်က ပြောသည်။

တောမီးကို ငြိမ်းရန် စစ်သားနှင့် ရဲအမှုထမ်း ၅၀၀ နီးပါးနှင့်အတူ ရေဗုံးများကို ရဟတ်ယာဉ်များပေါ်မှ ပက်ဖျန်းကာ မီးကို ငြိမ်းသတ်နေလျက်ရှိသည်။

အင်ဒိုနီးရှားတွင် တောမီးလောင်ခြင်းပြဿနာများသည် စိုက်ပျိုးရေးကုမ္ပဏီများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ကိုင်သူများက မြေယာရှင်းလင်းခြင်းအဖြစ် မီးရှို့ကြရာမှ မကြာခဏဆိုသလို တောမီးများ လောင်းကျွမ်းတတ်သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်က အယ်နီညိုဖြစ်စဉ် ရာသီဥတုရေရှည်ခြောက်သွေ့ခြင်းကြောင့် လောင်ကျွမ်းသည့် တောမီးမှာ အဆိုးဝါးဆုံးဖြစ်သည်။

အာဏာပိုင်များအနေဖြင့်လည်း တောမီးစတင်လောင်ကျွမ်းရာ နေရာများသို့ သွားရောက်ကူညီမှုများပေးရန် သမ္မတဂျိုကိုဝီဒိုဒိုက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly