မတ် ၁၊ လက်စတာ ။ ။ လက်စတာကွင်းလယ်လူ ကန်တီသည် ဒူးကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ဦးဆောင်သူ လက်စတာအသင်း၏ လာမည့်ပွဲစဉ် နှစ်ပွဲကို လွဲမည်ဖြစ်သည်။
နောရစ်ချ်ကို စနေနေ့တွင် ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲ၌ ဒဏ်ရရခဲ့သည့် ကန်တီသည် အင်္ဂါနေ့ ဝက်စ်ဘရွန်းနှင့် အိမ်ကွင်းပွဲအပြင် စနေနေ့ ဝက်ဖို့ဒ်ကွင်း၌ ကစားရမည့်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။
ယခုနှစ်နွေရာသီတွင် လက်စတာအသင်းသို့ ပြောင်းလာသည့် အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားသည် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲတိုင်း ဝင်ရောက်ကစားထားသူဖြစ်သည်။
အဓိကကွင်းလယ်ကစားသမားဖြစ်သူ ကန်တီဒဏ်ရာရနေချိန်တွင် အန်ဒီကင်းက အကောင်းဆုံးအစားထိုးကစားပေးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း နည်းပြ ရေနီယာရီက ပြောသည်။
Ref; BBC