မော်စကို၊ ဖေဖော်ဝါရီ ၁၅ ။ ။ ရုရှားသည် S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များကို အီရန်သို့ အမြန်ဆုံးပေးပို့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ က ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA သတင်းအေဂျင်စီက ဖော်ပြသည်။
ပိုမိုအဆင့်မြင့်သော S-400 ဒုံးကျည်စနစ်များကိုလည်း အီရန်က စိတ်ဝင်စားကြောင်း ပြသလျက်ရှိသည်။ သို့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ စေ့စပ်ညိနှိုင်းမှုများ မပြုလုပ်ရသေးဟု အေဂျင်စီက အစီရင်ခံခဲ့သည်။