ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး နှစ်အလိုက်စျေးနှုန်း လယ်ယယာကဏ္ဍကို ရာခိုင်နှုန်းထပ်တိုးရန် အဆို ရှုံးနိမ့်

ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး နှစ်အလိုက်စျေးနှုန်း လယ်ယယာကဏ္ဍကို ရာခိုင်နှုန်းထပ်တိုးရန် အဆို ရှုံးနိမ့်
ဓာတ်ပုံ-အီးပီအေ

နေပြည်တော်၊ ဇန်နဝါရီ ၁၉ ။ ။ ယခုဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၌ ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာကဏ္ဍပါဝင်မှု အချိုးအစားကို ရာခိုင်နှုန်း တိုး၍ ပြဋ္ဌာန်းရန် ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည်။

၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ အပိုဒ် (၄) အပိုဒ်ခွဲ (ဃ)၏ မူလပြဌာန်းချက်တွင်  ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက် ဈေးနှုန်းများအရ လယ်ယာကဏ္ဍကြီး၏ ပါ ဝင်မှု အချိုးအစားကို ၂၆ ဒသမ ၂ရာခိုင်နှုန်းတိုးရန်ဟု ပြဋ္ဌာန်းထားသည်ကို ၂၇ ဒသမ ၂ရာခိုင်နှုန်းသို့ တိုးရန် ဥပဒေကြမ်း ကော်မတီက အဆိုပြုခြင်းဖြစ်သည်။ 

ယင်း အဆိုပြုချက်ကို ဥပဒေကြမ်းတင်သွင်းသည့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူလိုကြောင်း ပြန်လည်အဆိုပြုခဲ့သည်။      

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံမဲ (၁၆၅)မဲ၊ ကန့်ကွက်မဲ (၃၄၃)မဲ၊ ကြားနေမဲ(၁၃)မဲ ဖြစ်ပြီး ကန့်ကွက်ဆန္ဒမဲများတဲ့အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်အဆို ရှုံးနိမ့်သွားသည်။ 

“စီးပွားရေးပညာရှင်တွေက ကျွန်တော်တို့နိုင်ငံကို  စက်မှုနိုင်ငံဖြစ်အောင်ဆိုပြီးတော့ လယ်ယာကဏ္ဍကို လျော့ချပြီးတော့ စက်မှုကဏ္ဍကို တိုးတိုးသွားရမယ်လို့ ဆိုတဲ့ ပေါ်လစီကြီးကိုချမှတ်ပြီးတော့ ပထမငါးနှစ် လုပ်ပြီးပါပြီ၊ ကျွန်တော်တော်အနေဲ့ စီးပွားရေးပညာရှင်မဟုတ်တဲ့အတွက်ကြောင့် ဒီကိန်းဂဏန်းတွေ မှားလား မှန်လားဆိုတာ မသိပါဘူး၊ သု့ိရာတွင် ပြီးခဲ့ငါးနှစ်တာကာလရဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး ခြံငုံကြည့်ရင် စက်မှုကဏ္ဍဟာ ရင်းနှီးသလောက် ဝင်မလာပါဘူး၊ လယ်ယာကဏ္ဍကိုလည်း ဒီလို ထပ်ပြီးတော့ တိုးမြှင့်မပေးရင် ကျွန်တော်တို့နိုင်ငံဟာ လယ်ယာကဏ္ဍလည်း ကျဆင်း၊ စက်မှုကဏ္ဍလည်း မတိုးတက်ဘဲ ဘာတစ်ခုမှ တက်စရာ အကြောင်းမရှိပါဘူး"  ဟု အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဂွ မဲဆန္ဒနယ်မှ ဦးကြည်သာက လယ်ယာကဏ္ဍကြီးမှာ ရင်းနှီးမြှုပ်နှံမှု နည်းခြင်းကို လွှတ်တေ်ာတွင် ဝေဖန်ခဲ့သည်။

“ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏  ပါဝင်မှု အချိုးအစားလျော့နည်းလျာထားခြင်းမှာ ထုတ်လုတ်မှု လျော့နည်းခြင်း၊အရေးပါမှု လျော့ချခြင်းတို့ မဟုတ်ပါဘူး၊ လယ်ယာကဏ္ဍကြီးဆိုင်ရာ ထွက်ကုန်ပစ္စည်းများ အခြေခံတဲ့ အငယ်စား၊အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို ဆောင်ရွက်မှာဖြစ်တဲ့အတွက် လျှပ်စစ်၊ စွမ်းအင်၊ ဆောက်လုပ်မှုနဲ့ စက်မှုကဏ္ဍပါဝင်တဲ့ စက်မှုကဏ္ဍကြီးရဲ့ ထုတ်လုပ်မှုများတိုးတက်လားခြင်း၊ ဝန်ဆောင်မှုတန်ဖိုးများလည်း ပြောင်းလဲတိုးတက်လာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်" ဟု  အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဂွ မဲဆန္ဒနယ် မှ ဦးကြည်သာ၏ ဝေဖန်မှုကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly