ဇန်နဝါရီ ၃၊ ရန်ကုန် ။ ။ ၂၀၁၅မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ဂျပန်နောက်ခံလူ ယာမာရှီတာကို တစ်နှစ်စာချုပ် ချုပ်ဆိုခေါ်ယူခဲ့သည်။
ရန်ကုန်အသင်းသည် အာရှကစားသမားနေရာအတွက်မူလက သြစတြေးလျနောက်ခံလူ မီလန်ဆူဆက်ကို စာချုပ်ခေါ်ယူခဲ့ပြီးဖြစ်သော်လည်း ဒဏ်ရာပြဿနာများကြောင့်စာချုပ်ဖျက်သိမ်းခဲ့သည်။
အသက် ၂၉နှစ်အရွယ်ရှိ ယာမာရှီတာသည် စင်ကာပူကလပ်များဖြစ်သော ဟောင်ဂန်းယူနိုက်တက်၊ နိုင်ဂါတာ၊ တန်ပီးနက်စ်ရိုဗာအသင်းများတွင်ကစားခဲ့ဖူးသည်။
“ကျွန်တော် အခုလို ရန်ကုန် ယူနိုက် တက် အသင်းနဲ့ လက်တွဲ ခွင့်ရတဲ့ အတွက် ပျော်ရွှင် မိပါတယ်။ အသင်းမှာ ရှိတဲ့ အချိန်မှာ အကောင်း ဆုံးပေး ဆပ်ကစား သွားမှာပါ။ ရန်ကုန် အသင်းဟာ မြန်မာ နိုင်ငံ မှာ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်ပြီး အဲ့ဒီ အတွက် လည်း ဒီအသင်း နဲ့ ပူးပေါင်း ခွင့်ရတာ ဂုဏ်ယူ ပါတယ်” ဟု ယာမာ ရှီတာ ပြောသည်။
ရန်ကုန်အသင်းသည် ယာမာရှီတာမတိုင်မီက ဂျပန်ကစားသမားများအဖြစ် ဂျပန်ကစားသမားများအဖြစ် ကွင်းလယ်လူ ကာဇူကီ၊ နောက်ခံလူ ကာနီကို တို့ကို စာချုပ်ခေါ်ယူခဲ့ဖူးသည်။