ညောင်တုန်းမြို့၊ မြို့ပတ်ကာသည့် တာ ဇန်နဝါရီလ ၂ရက် ညနေပိုင်းက စတင်ပြီး မြေနိမ့်ကျမှု ဖြစ်ပွားခဲ့သည်။
"ညနေပိုင်းလောက် နိမ့်ကျတာဖြစ်တာ ပထမ နည်းနည်း အခု ပိုများလာတယ်၊။ နေအိမ်တလုံးနောက်ဖက်နိမ့်သွားလို့ အိမ်ရွေ့ဖိုလုပ်နေတယ်။ ကမ်းပြိုမယ် ကိစ္စကို မထိန်းလို့ အခုလိုဖြစ်တာ၊" ဟု ညောင်တုန်မြို့ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်းက မဇ္ဈိမသို့ပြောသည်။
မြို့ပတ်တာမှာ မြေသား ၃ပေခန့် နိမ့်ကျသွားပြီး ညောင်တုန်းမြို့ ၉လမ်း၊ ၁၀လမ်း၊ ၁၁လမ်းအထိ ပြိုကျသွားခြင်း ဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောသည်။
"တာအပေါ်မှာ သမ္မတ အမိန့်ဆိုပြီး ထပ်မြင့်တာတွေလုပ်ထားတာရှိတယ်၊အခု ပြိုတော့ အုတ်နဲ့အခု လုပ်ထားတာတွေပါအက်သွားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၄နာရီ ဝန်းကျင်တွင် ၉လမ်းမှ ကမ်းနားတာ နိမ့်ခဲ့ပြီး ညနေ ၆နာရီခန့်တွင် ၁၀လမ်းနှင့် ၁၁လမ်းအထိ မြေသားနိမ့် ကာ နေအိမ် တစ်လုံး နောက်ဖက်ဆောင်ပါ နိမ့်ကျခဲ့သည်။
၂၀၁၅ခုနှစ် ဒီဇင်ဘာလကလည်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ကမ်းပြိုကျမှုကြောင့် အိမ် ၅၀ ကျော် နေရာရွေ့ပြောင်းပေးခဲ့ရသည်။