ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားသည့် ဗြိတိန်စုံတွဲ သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ဒီဇင်ဘာ ၂၆ ရက် နံနက်အစောပိုင်း၌ ထောင်တာဝန်ရှိသူများက လုံခြုံရေးတင်းကျပ်သည့် အကျဉ်းထောင်သို့ ထောင်ရွှေ့ပြောင်းလိုက်ကြောင်း သည်နေးရှင်းသတင်းတွင် ဖော်ပြသည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးအား Samui အကျဉ်းထောင်မှ လုံခြုံရေးအထူးတင်းကြပ်ရာ Nakhon Si Thammarat အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားလိုက်ခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးအား Nakhon Si Thammarat အကျဉ်းထောင်သို့ ယနေ့ နံနက် လေးနာရီက ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။