ဆိုးလ်၊ နိုဝင်ဘာ ၂၄ ။ ။ တောင်ကိုရီးယား အမျိုးသား အဆိုရှင်အဖွဲှ EXO အဖွဲ့သည် ဒီဇင်ဘာလလယ်တွင် တေးသီချင်း အယ်လ်ဘမ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပြောကြား ထားသည်။
အယ်လ်ဘမ်ထွက်မည့် ရက်ကို အတိအကျ မသိရသေးသော်လည်း ပရိတ်သတ်များသည် EXO အဖွဲ့၏ ဆောင်းရာသီ တေးသီချင်းများနှင့် အားလပ်ရက်များကို ကုန်ဆုံးရန် မျှော်လင့်နေကြ သည်။ အဖွဲ့ဝင် ကိုးဦးပါဝင်သော EXO အဖွဲ့သည် အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုများ ပြီးစီးလု နီးပါ ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်က EXO အဖွဲ့၏ ဆောင်းရာသီ အထူးတေးသီချင်းအယ်လ်ဘမ် Miracles in December သည် အောင်မြင့်မှု ရရှိခဲ့သည်။ အဆိုပါ တေးသီချင်းအယ်လ်ဘမ်ထဲမှ တေးသီချင်းများ သည် တေးသီချင်းဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး တေးသီချင်း အယ်လ်ဘမ်သည် ပြည်တွင်း နှင့် ပြည်ပတွင်ပါ အောင်မြင်မှု ရရှိခဲ့သည်။
ပရိသတ်များသည် EXO အဖွဲ့၏ ဒုတိယမြောက် ဆောင်းရာသီ တေးသီချင်း အယ်လ်ဘမ်ကို မျှော်လင့်နေကြသည်။