အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဆိုသည့် ထွက်ပေါ်နေသည့် သတင်းကို ကုလသမဂ္ဂက ငြင်းဆန်းထားသည်။
ယင်းသတင်းကို မြောက်ကိုရီးယားသတင်းရင်းမြစ်များကို ကိုးကားလျက် တရုတ်နိုင်ငံပိုင်သတင်းဌာနက စတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ပြုံယမ်းသို့ ဘန်ကီမွန်းသွားရောက်ရန် ရှိကြောင်း ဖော်ပြထားခြင်းဖြစ်ပြီး တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနကလည်း အလားတူသတင်းကို ဖော်ပြခဲ့သည်။
မေအတွင်းက ဘန်ကီမွန်း မြောက်ကိုရီးယားသို့ သွားရောက်ရန် အစီအစဉ်ဆွဲခဲ့ဖူးရာ ရုတ်တရက် ပယ်ဖျက်ခဲ့ရသည်။
ကုလသမဂ္ဂအကြီးအကဲတစ်ဦး မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မှုမှာ ဘူးထရော့စ်ဂါလီလက်ထက် ၁၉၉၃ ခုနှစ်အတွင်းက နောက်ဆုံးဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက လာမည့် သီတင်းပတ်တွင် နယူးယောက်သို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ပါရီတွင် COP21 ရာသီဥတုထိပ်သီးညီလာခံသို့ မတက်ရောက်မီ မဲလ်တာသို့ ဦးစွာ ဝင်ရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်သည်။
Ref: BBC