ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။ ။ "တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတဖျော်ဖြေပွဲ" World Music Festival 2015 ကို နိုဝင်ဘာ ၂၀ ရက် မှ ၂၂ ရက် အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Institut Français ၏ မြက်ခင်းပြင်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
"တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတဖျော်ဖြေပွဲ" ကို (၂၀၁၄) တွင် ပရိတ်သတ်မှ ထူးခြားခြား အသိအမှတ် ပြုခံခဲ့ရပြီး နောက် ၂၀၁၅ ခုနှစ် တွင် ရန်ကုန်၌ ဒုတိယနှစ်ပတ်လည်အဖြစ် ပြန်လည် ကျင်းပခြင်းဖြစ် သည်။
ကမ္ဘာ့ဂီတပွဲတော်ကို the Institut Francais de Birmanie ရိပ်သာ တွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ကြည့်ရှု နိုင်မည်ဖြစ်သည်။ အဆိုပါ ဂီတပွဲတွင် ဂျတ်ဇ် ဂီတမှ ဆင်းသက်လာသည့် ဂီတပုံစံမျိုး နှင့် အခြားသော ဂီတပုံစံ သီဆိုတီးမှုတ်သူများအား စုစည်း ဖျော်ဖြေရန် ရည်ရွယ်သည်။
အဆိုပါ ပွဲတော်တွင် ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ဆွစ်ဇာလန် နှင့် အစ္စရေး နိုင်ငံများမှ ဂီတပညာရှင် ၅ဦးမှ ဒေသခံ ပရိသတ်များကို စုပေါင်း ဖျော်ဖြေကြမည် ဖြစ်သည်။
Institut Français Goethe-Institut မြန်မာ၊ အစ္စရေး၊ ဂျပန်နှင့် ဆွစ်ဇာလန် သံရုံးများမှ စည်းရုံးစီစဉ်သည့် တေးဂီတ ဖျော်ဖြေပွဲ ငါးခုကို သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ ထိုပွဲတော်ကို နောက်ခံ အမျိုးမျိုးမှ ဂီတပညာရှင်များနှင့် jazz ၊ pop နှင့် ကမ္ဘာ့ ဂီတ၏ လွှမ်းမိုးမှုတို့ အပါအဝင် မတူညီ သည့် ဂီတပုံစံများကို အတူတကွ ပေါင်းစည်းရန် ရည်ရွယ်သည်။
အရည်အသွေး မြင့်မားသည့် နိုင်ငံတကာ ခေတ်ပြိုင် တေးဂီတ အဖွဲ့များကို ရန်ကုန်တွင် စုစည်းပြီး ဒေသခံ ဂီတသမားများနှင့် ဂီတဆိုင်ရာ ဖလှယ်မှု အတွက် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်သည်။
တေးဂီတ ဖျော်ဖြေပွဲများကို ပွဲတော်၏ နေ့ရက်တိုင်းတွင် ညနေ (၆) နာရီမှ စတင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်သည်။