တောင်ကိုရီးယားမင်းသား ကင်ဝူဘင်း၊ Miss A အဖွဲ့မှ ဆူဇီ၊ မင်းသား လင်ဂျူဟွန်းနှင့် မင်းသမီး လင်ဂျူအန်တို့သည် Lightly, Ardently ဒရမ်မာ ဇာတ်ကားသစ်တွင် ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။
မင်းသား မင်းသမီးများနှင့် ထုတ်လုပ်သူ ဝန်ထမ်းများသည် နိုဝင်ဘာ ၁၀ ရက်က ဇာတ်ညွှန်း ကို အတူတကွ ဖတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Lightly, Ardently ဇာတ်ကားကို ပရိတ်သတ်များ၏ အားပေးမှု ရရှိခဲ့သော The Innocent Man ၊ Thank You ၊ A Love to Kill ၊ I’m Sorry နှင့် I Love You ဇာတ်ကားတို့ကို ရေးသားခဲ့သည့် ဇာတ်ညွန်းရေးဆရာ လီကောင်ဟီးက ရေးသားထားသည်။
အဆိုပါဇာတ်ကားတွင် ကင်သည် ပရိတ်သတ်များ၏ အားပေးမှုကိုရရှိထားသော မာနကြီးသည့် မင်းသား ရှင်ဂျွန်ယောင်အဖြစ် သရုပ်ဆောင်သွားဖြစ်ပြီး ဆူဇီက မှတ်တမ်းထုတ်လုပ်သူ နိုအယ်လ် အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ Ligytly , Ardently ဒရမ်မာဇာတ်ကားကို လာမည့်နှစ် ပထမ နှစ်ဝက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။