၂၀၁၅ အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံး ရလာဒ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)တွင် နိုဝင်ဘာ ၉ရက် နံနက် ၉နာရီမှ စတင်ပြီး ကြေငြာမည်ဟု မဲစာကြေငြာရေးအတွက် UEC ကို အကူအညီပေးနေသည့် IFES အဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၉ရက်က စတင်ပြီး ၁၅ရက်နေ့အထိ နံနက် နာရီ၊ နေ့လည် ၁၂နာရီ၊ ညနေ ၃နာရီ၊ ညနေ ၆နာရီ၊ ည ၉နာရီ နှင့် ည ၁၁နာရီတို့တွင် ရွေးကောက်ပွဲ ကော်မရှင် ရုံးရှေ့ရှိ LED Board တွင် ထုတ်ပြန်ပေးမည်ဖြစ်သည်။
ယင်းအပြင် ၉ရက်နေ့မှစ၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ ယင်းသတင်းစာရှင်းလင်းပွဲ နှင့် ထုတ်ပြန်ချက်များကို ရန်ကုန်ရှိ ရွေးကောက်ပွဲကော်မရှင်၏ မီဒီယာ စင်တာဖြစ်သည့် MPC ရှေ့ရှိ LED Board တွင် ထုတ်လွှင့်ပေးမည်ဖြစ်သည်။