ဆိုးလ်၊ နိုဝင်ဘာ ၄ ။ ။ တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော်ရိန်းသည် ယခု သီတင်းပတ်ကုန်တွင် ကမ္ဘာလှည့် ဖျော်ဖြေရေးခရီး စတင်မည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ရိန်းသည် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၇ ရက်တွင် ဟနွိုင်းပြည်နယ် ချောင်ရှမြို့၌ စတင် ပြုလုပ်သွားမည်ဖြစ်ပြီး ရှန်ဟိုင်း ၊ ဝူဟန်၊ ကွမ်ကျိုး၊ ပေကျင်း၊ ချန်ဒူနှင့် နန်နင်း မြို့တို့ အပါအဝင် ဒေသအများအပြားတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း R.A.I.N. Company က ပြောကြားသည်။
ရိန်းသည် သြစတြေးလျနှင့်အမေရိက ဖျော်ဖြေပွဲမတိုင်မီ ဂျပန်၊ ထိုင်း ၊ ဟောင်ကောင်၊ စင်္ကာပူ နှင့် မလေးရှားနိုင်ငံတို့တွင် လာမည့်ဧပြီလမှ မေလအထိ ဖျော်ဖြေသွားမည် ဖြစ်သည်။ ရိန်းသည် လာမည့်လတွင် ဆိုးလ်မြို့တွင် ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ပြီး တစ်ကိုယ်တော် တေးသီချင်း အယ်လ်ဘမ် ထုတ်လွှင့်ရန် စီစဉ်လျက် ရှိသည်။
“ကမ္ဘာလှည့် ဖျော်ဖြေပွဲဟာ ယခင ်ဖျော်ဖြေပွဲတွေထက် ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ” ရိန်းက ပြောကြားခဲ့သည်။