အောက်တိုဘာ ၄ ။ ။ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်ရှိ ရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက် ဌာနတို့တွင် မီဒီယာစင်တာများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ကော်မရှင်ရုံး၌ နိုဝင်ဘာ ၄ ရက်နေ့က အစည်းအဝေး ကျင်းပရာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင် အဖွဲ့ဝင်များနှင့်အတူ မြန်မာ့ရုပ်မြင်သံ၊ မြဝတီရုပ်သံ၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ Forever Group၊ Skynet တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သာလျှင် အတည်ဖြစ်သဖြင့် မီဒီယာများအနေဖြင့် 'တပြိုင်တည်း၊ တပုံစံတည်း' ကြေညာနိုင်ရန် ရည်ရွယ်သည် ဟု သိရသည်။