အမေရိကန်အစိုးရက အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားအား ရုတ်သိမ်းပေးလိုက်ပြီဖြစ်ရာ အီရန်သို့ ဆေးဝါးပစ္စည်းများ တင်ပို့နိုင်ခွင့် ရပြီဖြစ်သည်။
အီရန်သို့ အခြေခံဆေးဝါးများ တင်ပို့ခြင်းကို ၂၀၁၂ ခုနှစ်တွင်းက တားမြစ်ပိတ်ဆို့ထားမှုအား အမေရိကန် နိုင်ငံခြားရေးရာပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC က ပြန်လည်သုံးသပ်ကာ ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ဇူလိုင်လအတွင်း သဘောတူညီမှုရခဲ့သည့် နျူကလီးယားအရေး သဘောတူညီမှုကို ချိုးဖောက်ရင် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ အီရန်အား ချမှတ်သွားရန် သမ္မတအိုဘားမားအား အမေရိကန် ကွန်ဂရက် ရီပတ်ဘရီကန်အမတ်များက အောက်တိုဘာ ၃၀ ရက်က တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် လအတွင်းက အီရန်အား ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေးသို့ ရှေးရှုလုပ်ဆောင်သွားရန် အိုဘားမားက လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုအကျိုးဆက်အားဖြင့် ဆေးဝါးမရရှိဘဲ သေဆုံးသည့် အီရန်နိုင်ငံသား ထောင်ပေါင်းများစွာရှိသည်။
Ref ; Press TV