လက်ထပ်ဖို့ အစီစဉ် မရှိသေးကြောင်း ပြောလာတဲ့ ကင်ထယ်ဟီး

လက်ထပ်ဖို့ အစီစဉ် မရှိသေးကြောင်း ပြောလာတဲ့ ကင်ထယ်ဟီး

တောင်ကိုရီးယား မင်းသမီး ကင်ထယ်ဟီးက ပြည်တွင်းမီဒီယာ Daily Sports နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်တွင် ချစ်သူဖြစ်သူ ရိန်းအကြောင်းနှင့် ၎င်း၏ အနုပညာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

တွေ့ဆုံမေးမြန်းခန်းတွင် ကင်ထယ်ဟီးက “လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာ  ကောလဟာလ သတင်းသာ ဖြစ်ပါတယ်။  တစ်စုံတစ်ခုနဲ့ ပတ်သက်လို့ သိဖို့အတွက် အချိန်အကြာကြီးယူဖို့ ကျွန်မ လိုအပ်တယ်။ အခုအချိန်ထိ ကျွန်မ လက်ထပ်ဖို့ မစဉ်းစားသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ရိန်းနဲ့ တွေ့တဲ့အချိန် ဘာတွေလုပ်လဲဟု မေးမြန်းခဲ့ရာ ကင်ထယ်ဟီးက “ကျွန်မက အရက်သေ စာကို မကြိုက်ဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်ဟာ အရသာကောင်းမွန်တဲ့ စားသောက်ဆိုင်တွေ ကို သွားကြတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မက စက်ဘီးစီးရတာ ဂေါက်ရိုက်ရတာကို ကြိုက်တယ်။ သတ်သတ်မှတ်မှတ် ဝါသနာ ပါတာ မရှိပေမဲ့ ကျွန်မ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ ကြိုက်ပါတယ်” ဟု ကင်ထယ်ဟီးက ပြောကြားခဲ့သည်။

ကင်ထယ်ဟီးကို အနာဂတ် အနုပညာလုပ်ငန်းနှင့် လက်ထပ်မည့် အစီစဉ်နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ “ကျွန်မ ရေရှည်စီမံကိန်း မချရသေးပါဘူး။ အနုပညာ လုပ်ငန်းအနေနဲ့ကတော့ ရုပ်ရှင် ကား တစ်ကားရိုက်သွားဖို့ ရှိပါတယ်။ လက်ထပ်ဖို့ကတော့ ကျွန်မတစ်ယောက်တည်း လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။  တစ်ယောက်သောသူနဲ့ အတူလုပ်မှ ရမယ့်ကိစ္စပါ” ဟု ကင်ထယ်ဟီးက ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly