တောင်ကိုရီးယား မင်းသမီး ဂိုဝန်ဟီးနှင့် မင်းသား လီဟာယိုလ်တို့သည် တွဲနေပြီဖြစ်ကြောင်း နှင့် ၎င်းတို့နှစ်ဦး တွဲနေသည်မှာ ယခုဆိုလျှင် နှစ်လရှိပြီဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်က သတင်း မီဒီယာတစ်ခုက ထုတ်ပြန်ခဲ့သည်။
ဂိုဝန်ဟီးနှင့် လီဟာယိုလ်တို့ နှစ်ဦးသည် KBS1 ရုပ်သံ၏ ဒရမ်မာဇာတ်ကား The Stars Are Shining ဇာတ်ကားမှ ရင်းနှီးမှုများ ရရှိခဲ့ပြီး နှစ်ဦးသား ချစ်ဇာတ်လမ်း စတင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း မီဒီယာများက ပြောကြားသည်။
“ သူတို့နှစ်ဦးဟာ တွဲနေတာ မဟုတ်ပါဘူး။ သူတို့ဟာ အရမ်းကိုခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ပါ တယ်။ သူတို့နှစ်ဦး ဒရမ်မာဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရာမှ ပိုပြီး ရင်နှီးခဲ့တာ ဖြစ်ပါတယ်” ဟု လီဟာယိုလ်၏ အေဂျင်စီ L&JIHO မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
“ သရုပ်ဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အရာရာတိုင်း သိဖိုရာ ကျွန်တော်တို့အတွက် ခက်ခဲပါတယ် ” ဟု ဂိုဝန်ဟီ၏ အေဂျင်စီက ပြောကြားခဲ့သည်။