အသက် ရ၀ မှာ ပထမဆုံးအကြိမ်အဖြစ် ဗဟန်းမှာ ဒေါ်စုမဲပေးမည်

အသက် ရ၀ မှာ ပထမဆုံးအကြိမ်အဖြစ် ဗဟန်းမှာ ဒေါ်စုမဲပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၃ ။ ။ အသက် ၇၀ ရှိပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် မဲပေးမည်ဖြစ်ပြီး ၎င်းနေထိုင်သည့် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂)ရပ်ကွက်ရှိ အမက (၃) မဲရုံတွင် မဲပေးမည်ဖြစ်သည်။

၎င်းက နိုဝင်ဘာ ၈ရက်တွင် အမက (၃) မဲရုံ၌ နံနက် ၇နာရီခွဲတွင် မဲပေးမည်ဖြစ်ပြီး သူ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်သည်ဟု သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲ နှင့် ၂၀၁၀ ရွေးကောက်ပွဲတို့တွင် နေအိမ်အကျယ်ချုပ် ကျနေ၍ မဲပေးနိုင်ခြင်း မရှိဘဲ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ၎င်းနေထိုင်သည့် ဗဟန်းမြို့နယ်တွင် ရွေးကောက်ပွဲ မရှိသည့်အတွက် မဲပေးနိုင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly