အမေရိကန်အား စိန်ခေါ်မှုတစ်ရပ်အဖြစ် တရုတ်က ဒုံးကျည်တင်ရေငုပ်သင်္ဘောများဖြန့်ကြက်

အမေရိကန်အား စိန်ခေါ်မှုတစ်ရပ်အဖြစ် တရုတ်က ဒုံးကျည်တင်ရေငုပ်သင်္ဘောများဖြန့်ကြက်

တရုတ်ပင်လယ်တွင် ဒုံးကျည်ပစ်ခတ်နိုင်စွမ်းသည့် ရေငုပ်သင်္ဘောများကို တရုတ်နိုင်ငံက တိုးမြင့်ဖြန့်ကြက်လျက်ရှိရာ အမေရိကန်ရေတပ်နှင့် တရုတ်ရေတပ်တို့ကြား ထိပ်တိုက်တွေ့မည့် အခြေအနေများ အန္တရာယ်မြင့်မားလျက်ရှိကြောင်း အမေရိကန်ကွန်ဂရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အမေရိကန်-တရုတ်စီးပွားရေးနှင့် လုံခြုံရေးသုံးသပ်မှုကော်မှရှင်၏ အောက်တိုဘာ ၂၈ ရက်က အစီရင်ခံစာတွင် တရုတ်၏ ဒုံးကျည်တပ် YJ-18 ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ဖော်ပြအစီရင်ခံ ထားကြောင်း Bloomberg က ဖော်ပြသည်။

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် တရုတ်နိုင်ငံအား စိန်ခေါ်မှုများဖြစ်နေသကဲ့သို့ ရေပြင်အရှုပ်အထွေးများ ပိုမိုဖြစ်ပေါ်အောင် ခြိမ်းခြောက်မှု များဖြစ်ပေါ်နေကြောင်း အရှေ့တောင်အာရှ နိုင်ငံများမှ ကာကွယ်ရေးအကြီးအကဲများ သတိပေးပြောကြားကြသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှတန်ကာတာက ယခုသီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်တွင် အမေရိကန်စစ်သင်္ဘောများ ဆက်လက်ရွက်လွှင့်ခြင်းများကို လုပ်ဆောင်ဦးမည်   ဖြစ်ကြောင်း ပြောကြားသည်။

"နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့အတိုင်းပဲ နိုင်ငံတကာရေပိုင်နက်မှာ လေယာဉ်ပျံသန်းမှုများ၊ သင်္ဘောရွက်လွှင့်မှုများ လုပ်ဆောင်သွားမှာပဲဖြစ်တယ်။"ဟု ၎င်းက ပြောခဲ့သည်။

တရုတ်က ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော ပင်လယ်ရေပိုင်နက်အတွင် အမေရိကန်က စစ်သင်္ဘောများ ရွှက်လွှင့်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပိုင်ပြုထားသည့် ယင်းရေပိုင်နက်များကို အာရှနိုင်ငံတစ်ချို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း အငြင်းပွားလျက်ရှိကြသည်။

Ref ; Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly