အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ထိပ်သီးအစည်းအဝေးတစ်ရပ်တွင် အာဖရိကဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကူညီပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ကြေညာလိုက်သည်။
အိန္ဒိယမြို့တော် နယူးဒေလီတွင် ကျင်းပသည့် အိန္ဒိယ-အာဖရိကဖိုရမ်ထိပ်သီးအစည်းအဝေးသို့ အာဖရိကခေါင်းဆောင် ၅၀ ကျော်တက်ရောက်ရာတွင် မိုဒီက ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
အိန္ဒိယ၏ အာဖရိကနှင့် ကုန်သွယ်မှုသည် ၂၀၀၇ ခုနှစ်မှစကာ နှစ်ဆတိုးတက်ခဲ့ပြီး ဒေါ်လာ ၇၂ ဘီလီယံကျော်ရှိခဲ့သော်လည်း နှိုင်းယှဉ်လျှင် သေးငယ်သည့် ကုန်သွယ်မှုသာဖြစ်နေဆဲဖြစ်သည်။
ထိပ်သီးအစည်းအဝေးသည် အာဖရိကနှင့် ဆက်ဆံရေးပိုမိုပူးပေါင်းရန် အိန္ဒိယ၏ ကြိုးစားမှုတစ်ရပ်ဖြစ်ဟန်ရှိသည်။
တက်ရောက်သူအာဖရိကခေါင်းဆောင်များက တောင်အာဖရိကမှ ဂျက်ကော့ဇူးမား၊ ဇင်ဘာဘွေမှ ရောဘတ်မူဂါဘီ၊ အီဂျစ်သမ္မတ စီစီနှင့် ဆူဒန်မှ အိုမာဘာရှားတို့အပါအဝင် တော်တော်များများ တက်ရောက်ခဲ့ကြသည့် မှတ်တမ်းတင် အစည်းအဝေးတစ်ရပ်ဖြစ်ခဲ့သည်။
Ref ; BBC