ယခုနှစ်တွင် ဂရိနိုင်ငံသို့ နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းသူဦးရေသည် သန်းဝက်နီးပါးရှိနေပြီဟု ကုလသမဂ္ဂက ပြောသည်။
ယင်းနှုန်းထားသည် တစ်နေ့လျှင် ၈၀၀၀ နှုန်းဝင်ရောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောသည်။
ရွှေ့ပြောင်းသူအများစုမှာ ဂရိမှတစ်ဆင့် မြောက်ပိုင်းသို့ ဦးတည်သော်လည်း တစ်ချို့နိုင်ငံများ ပိတ်ဆို့မှုများ ချထားသည်။
ဆလိုဗက်နီးယားတွင် ခရိုအေးရှားမှ ရွှေ့ပြောင်းသူများ လှိမ့်ဝင်ခြင်းကြောင့် စစ်တပ်ကို နယ်စပ်တွင် ဖြန့်ကြက်ထားသည်။
ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်သူ ဦးရေသည် ယခုနှစ်တွင် စံချိန်တင်မြင့်တက်နေသည်။
အီတလီနှင့် ဂရိတို့တွင် ရှိနေသည့် ရွှေ့ပြောင်းဝင်ရောက်သူ ၆၆၀၀၀ ကို ပြန်လည်နေရာချထားရေး ပြီးခဲ့သည့် လက သဘောတူညီခဲ့သည့် အီးယူနိုင်ငံများအနေဖြင့် သဘောတူညီမှု တစ်စိတ်တစ်ပိုင်း အဖြစ် ကြိုဆိုနေရာချထားရေး စင်တာများ အရေးပေါ်တည်ဆောက်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောကြားသည်။
Ref: BBC