ဂါဇာကမ်းမြောင်ပစ်မှတ်နှစ်ခုကို ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောသည်။
ဟားမတ်စ်လက်နက်ထုတ်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောပြီး အစ္စရေးတောင်ပိုင်းသို့ ဂါဇာဖက်မှ ဒုံးကျည်နှစ်စင်းပစ်ခတ်ခြင်းကို လက်တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။
အစ္စရေးဂျက်တိုက်လေယာဉ်များ တိုက်ခိုက်မှုတွင် အနီးရှိအိမ်တစ်အိမ်မှ အမျိုးသမီးတစ်ဦးနှင့် သမီးငယ်တစ်ဦး သေဆုံးရသည်ဟု ပါလက်စတိုင်းတာဝန်ရှိသူများက ဆိုသည်။
အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းအမျိုးသမီးတစ်ဦးက ဗုံးထောင်၍ ပြီးနောက် ကိုယ်ကိုကို သတ်သေကြောင်း အစ္စရေးရဲများက ပြောသည်။
အောက်တိုဘာ ၁၁ ရက် နံနက်က ယင်းအမျိုးသမီး ကားမောင်းလာစဉ် အစ္စရေးရဲများက ရပ်ခိုင်းရာ "ဘုရားသခင်က ကြီးမြတ်တယ်။ ဒီမှာ ငါဗုံးခွဲပြီ။"ဟု အော်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းဗုံးခွဲမှုတွင် ရဲတစ်ဦး အနည်းငယ် ထိခိုက်ခဲ့သည်။
Ref: BBC