အောက်တိုဘာ ၂ ရက် ။ ။ နိုင်ငံနှင့် တပ်မတော်အပေါ် သစ္စာရှိပြီး တာဝန်သိသိ ထမ်းဆောင်ခဲ့သည့် စစ်သည် ၇၇၈၈ ဦးအား ရာထူးတိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်နေ့တွင် ရာထူးတိုးမြှင့်ပေးခဲ့ရာ တပ်သားအဆင့်မှ ဒုတိယတပ်ကြပ်အဆင့်သို့ ၁၉၂၀ ဦး၊ ဒုတိယတပ်ကြပ်အဆင့်မှ တပ်ကြပ်အဆင့်သို့ ၃၇၂၀ ဦး၊ တပ်ကြပ်အဆင့်မှ တပ်ကြပ်ကြီးအဆင့် ၂၀၃၀ ဦးနှင့် ဗိုလ်ကြီးအဆင့်မှ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဆင့် ၁၁၈ ဦး အသီးသီးဖြစ်သည်။
ရာထူးအဆင့် တိုးမြှင့်သွားသည့်စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များကို ဂုဏ်ပြုတပ်ဆင်ပေခဲ့သည်ဟုဆိုသည်။
Ref; Myawady