လိင်တူချစ်သူတစ်ဦးကို အမေရိကန်စစ်တပ်အား ဦးဆောင်ရန် အမည်စာရင်းသွင်းရန် ဆုံးဖြတ်ခြင်းအတွက် သမ္မတအိုဘားမားအား ရီပတ်ဘရီကန်သမ္မတလောင်းကိုယ်စားလှယ် မိုက်ဟူကာဘီက အပြင်းအထန်ဝေဖန်လိုက်သည်။
"ရှင်းရှင်းကြီးပါပဲ။ သမ္မတအိုဘားမားက အမေရိကန်သူရဲကောင်းတွေကို လေးစားဂုဏ်ပြုရမှာထက် အမေရိကန် လိင်တူဆက်ဆံသူများတွေရဲ့ စိတ်ကျေနပ်မှုအပေါ်မှာပဲ ပိုစိတ်ဝင်စားနေတာကို ရှင်းရှင်းလင်းလင်းပြသနေတာပဲဖြစ်တယ်။"ဟု အာကန်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် မိုက်က စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ဝေဖန်လိုက်ခြင်းဖြစ်သည်။
"စစ်မှုထမ်းဟောင်းတွေရဲ့ ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုကိုလည်း မထိန်းချုပ်နိုင်ဘူး။ စစ်တပ်နဲ့ပတ်သက်တဲ့ သဘောထားတွေကလ်ညး စိုးရိမ်စရာကောင်းအောင် နိမ့်ကျနေတယ်။ ဒါပေမယ့် အိုဘားမားကတော့ လစ်ဘရယ်အုပ်စုတွေ အလိုကျကို ဖြည့်ဆည်းပေးဖို့ပဲ စိတ်ဝင်စားနေတော့တယ်။ စစ်တပ်ကို ဦးဆောင်ဖို့ ဂေးအဖြစ် ပွင့်ပွင့်လင်းလင်းကြေညာထားသူကို အမည်စာရင်းသွင်းလာတယ်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"လိင်တူဆက်ဆံခြင်းသည် အလုပ်အကိုင်အရည်အချင်းမဟုတ်ကြောင်း၊ အမေရိကန်စစ်တပ်က အမေရိကန်လုံခြုံရေးနဲ့ ပြီးပြည့်စုံတဲ့ တိုက်ပွဲဝင်မစ်ရှင်တွေအတွက် ခိုင်မာဖွဲ့စည်းထားရမှာသာဖြစ်ကြောင်း၊ လူမှုရေးရာစမ်းသပ်လုပ်ဆောင်မှုများအတွက် မြေစမ်းလုပ်ကိုင်ဖို့ရာ နယ်ပယ်မဟုတ်ကြောင်း" ယင်းတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၈ ရက်က လိင်တူဆက်ဆံသူအဖြစ် လူသိရှင်ကြားနေထိုင်သူ အီရစ်ဖန်နင်းအား အိုဘားမားက အမေရိကန်စစ်ဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားပြီး ဆီးနိတ်က အတည်ပြုပါက ဖန်နင်းအနေဖြင့် စစ်ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် ပထမဆုံး ရာထူးတာဝန်ထမ်းဆောင်မည့် လိင်တူချစ်သူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
Ref: Press TV