“ဘယ်လို လူတွေက ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသလဲ၊ ဘယ်လိုလူတွေက ကြိုတင် မဲ ပေးပိုင်ခွင့်မရှိဘူးလဲ ဆိုတာကို သေသေချာချာ မေးကြပါ။ အဲ့ဒါမှ ကိုယ့်ကို ကြိုတင်မဲ ပေးရမယ်၊ လက်မှတ်ထိုးရမယ်လို့ အတင်းအကျပ် ပြောတဲ့လူတွေဟာ ဥပဒေကို ချိုးဖေါက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မကြောက်ပါနဲ့” ဟု သူ၏ ကယားပြည်နယ် လွိုင်ကော်မြို့ မဲဆွယ်စည်းရုံးမှုတွင် စက်တင်ဘာ ၁၁ ရက်က ပြောသွားသည်။
တိုးတက်သည့် နိုင်ငံများသည် ဒီမိုကရေစီ စနစ်ကို အခြေခံခြင်းကြောင့် ဒီမိုကရေစီထွန်းကားအောင် ကြိုးပမ်းရမည်ဟု သူ၏ ကယားပြည်နယ် လွိုင်ကော်မြို့ မဲဆွယ်စည်းရုံးမှုတွင် ပြောသွားသေးသည်။