ဆိုးလ်၊ စက်တင်ဘာ ၇ ။ ။ တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် ရိန်းသည် ၎င်း၏ အေဂျင်စီဖြစ်သော Cube Entertainment အေဂျင်စီနှင့် စာချုပ်ထပ်မံ မချုပ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။
“ ရိန်းဟာ အေဂျင်စီ အကြီးအကဲ ဟောင်ဆောင်ဆန်နှင့် အချိန်အကြာကြီး ဆွေနွေးမှုတွေ ပြုလုပ်ခဲ့တယ်။ ဆွေးနွေးမှု ပြုလုပ်ပြီးနောက်မှာတော့ ရိန်းက Cube Entertainment အေဂျင်စီနဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားခဲ့တာ ဖြစ်တယ်။ အေဂျင်စီရဲ့ ထောက်ပံ့မှုတွေအားလုံးအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ မကြာမီ ကျွန်တော့်ရဲ့ အနာဂတ်အစီစဉ်ကို ကြေညာသွားမှာပါ” ဟု ရိန်းက စက်တင်ဘာ ၇ ရက်တွင် Instagram တွင် ပြောကြားသည်။
ရိန်းသည် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ပြီးနောက် ၂၀၁၃ ခုနှစ်က Cube Entertainment အေဂျင်စီနှင့် လက်တွဲ အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၃၄ နှစ်အရွယ်ရှိ ရိန်းသည် လက်ရှိအချိန် တွင် တရုတ်ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား Diamond Lover တွင် ပါဝင်သရုပ်ဆောင်လျက် ရှိ သည်။