စက်တင်ဘာ ၇၊ ဆန်ဆီဗက်စတီယန် ။ ။ ဆိုစီဒက်အသင်းတွင်ဆက်နေရန်အတွက် နွေရာသီအတွင်း အင်္ဂလိပ်ကလပ်များ ၏ကမ်းလှမ်းမှု ကိုပယ်ချခဲ့သည်ဟု အဲဗာတန်နှင့် မန်ယူနည်းပြဟောင်းဒေးဗစ်မိုယက်စ်က ဝန်ခံပြောဆိုသည်။
၎င်းသည် အဲဗာတန်အသင်းတွင် ၂၀၀၂ မှ ၂၀၁၃ အတွင်းနည်းပြကောင်းတစ်ဦးအဖြစ်ကိုယ့်ကိုယ်ကိုယ်တည်ဆောက်နိုင်ခဲ့သော်လည်း မန်ယူ နည်းပြဖာဂူဆန် အနားယူသွားပြီးနောက် မန်ယူအသင်းကို ကိုင်တွယ်ခဲ့ရာတွင်မူ ၁၀ လသာကြာခဲ့ပြီး ယမန်နှစ် ဧပြီတွင်ထုတ်ပယ်ခံခဲ့ရသည်။
ယင်းနောက် စပိန်ကလပ်ဆိုစီဒက်အသင်းကိုကိုင်တွယ်ရာတွင် စွမ်ဆောင်ရည်ကောင်းအချို့ပြသနိုင်ခဲ့သဖြင့် ဗြိတိန်ကလပ်များ၏ စိတ်ဝင်စား မှုကိုခံလာရခြင်းဖြစ်သည်။
"အတွေ့အကြုံတွေအတွက်တကယ်ပျော်ပါတယ်။ အသင်းနဲ့လည်းဆက်ဆံရေးသိပ်ကောင်းပြီး ပျော်နေပါတယ်။ လာလီဂါပထမဆုံးအတွေ့အ ကြုံက အပြုသဘောဆောင်ပြီး ပထမခြောက်လ၊ ခုနစ်လတုန်း ကကျွန်တော့်ဆန္ဒက အခုလို ရာသီအစကနေ အဆုံးထိကိုင်တွယ်ခွင့်ရဖို့ဖြစ်ပါ တယ်။ နွေတုန်းက ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းလာခဲ့ပေမယ့် ဒီမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အသင်းမှာရှိနေတဲ့ကစားသ မားတွေအကြောင်းကိုပိုသိလာပြီး အသင်းရဲ့အစီအစဉ်တွေအပေါ် ယုံကြည်လို့ပါပဲ။ ရာသီကြိုကာလဟာ ဘယ်ကစားသမားကဘယ်လိုဆိုတာ သိစေဖို့ အထောက်အကူဖြစ်စေ ခဲ့ပါတယ်"ဟု မိုယက်စ်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ဆိုစီဒက်အသင်းကိုတန်းဆင်းဇုန်မှလွတ်မြောက်စေပြီး အဆင့် ၁၂ နေရာရအောင်စွမ်းဆောင်နိုင်ခဲ့သည့် မိုယက်စ်အနေဖြင့် အသင်းသည် လက်ရှိရာသီတွင်လည်း တိုးတက်လာဦးမည်ဟု ယုံကြည်ချက်အပြည့်အဝရှိနေသည်။ ယခုနှစ်တွင် ရီးယဲလ်မက်ဒရစ်မှ ကစား သမားဟောင်း အီလာရာမန်ဒီကိုလည်း ပြန်လည်ခေါ်ယူထားသည်။
Ref; Daily Mail