Myanmar Airways International နှင့် Myanmar National Airlines လေကြောင်းလိုင်းနှစ်လိုင်းက ထိုင်ဝမ်သို့ တိုက်ရိုက်ပျံသန်းခွင့်ကို မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရထားပြီဟု မြို့ပြလေကြောင်းဆိုင်ရာ စီမံခန့်ခွဲရေး CAA က စက်တင်ဘာ ၄ ရက်က ပြောသည်။
မြန်မာအစိုးရအာဏာပိုင်များဖက်က ခွင့်ပြုချက်ကို ရရှိထားNပီးဖြစ်သော်လည်း ယင်းလေကြောင်းလိုင်းနှစ်လိုင်းက မည်သည့်အချိန်တွင် ထိုင်ဝမ်သို့ စတင်ပြေးဆွဲမည်ကိုမူ မသိရှိရသေးဟု ဖြည့်စွက်ပြောသည်။
ထိုင်ဝမ်အာဏာပိုင်များဖက်ကလည်း ယင်းလေကြောင်းလိုင်းနှစ်လိုင်း၏ လျှောက်ထားမှုကို သုံးသပ်အတည်ပြုကာ ထိုင်ဝမ်သို့ ပျံသန်းခွင့် ခွင့်ပြုမည်ဖြစ်သည်။
မြန်မာလေကြောင်းလိုင်းနှစ်လိုင်းသည် ထိုင်ဝမ်အခြေစိုက် တရုတ်လေကြောင်းလိုင်းများ ကြီးစိုးထားရာ လက်ရှိဈေးကွက်တွင်း ဝင်ရောက်လာခြင်းလည်းဖြစ်သည်။ ထိုင်ဝမ်လေကြောင်းလိုင်းများက သီတင်းတစ်ပတ်လျှင် Taoyuan နှင့် ရန်ကုန်သို့ ခရီးစဉ်ခေါက်ရေ ငါးကြိမ် ပြေးဆွဲပျံသန်းလျက်ရှိသည်။
Taoyuan-Yangon လိုင်းကြောင်းသည် လက်ရှိတွင် အပန်းဖြေကမ္ဘာလှည့် ခရီးသွားများထက် စီးပွားရေးလုပ်ငန်းအရ သွားလာသူများ ပိုမိုများပြားသည့် လမ်းကြောင်းဖြစ်ကြောင်း Myanmar Airways International ၏ အရောင်းကိုယ်စားလှယ် Far East International Travel Service Co.က ပြောခဲ့သည်။