ကမ္ဘာအနံ့ှဈေးကွက်အရှုံးပေါ်မှုများဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ၏ စတော့ဈေးကွက်သည် အဆိုးဆုံးထိုးကျထပ်မံထိုးကျနေသည်။
တရုတ်စီးပွားရေးလေးကန်ခြင်းက အခြားသောစီးပွားရေးများကိုပါ ဆွဲချသွားမည်ဆိုသည့် စိုးရိမ်မှုများဖြင့် ကမ္ဘာ့ဈေးကွက်တွင် သက်ရောက်မှုများဖြစ်ပေါ်နေသည်။
Shanghai Composite စံအမှတ်တွင် သြဂုတ် ၂၅ ရက်က ၆ ရာခိုင်နှုန်းဈေးကျသည်။ သြဂုတ် ၂၄ ရက်က ၈ ဒသမ ၅ ရာခိုင်နှုန်းကျခဲ့ခြင်းဖြစ်ပြီး ဥရောပနှင့် အမေရိကန်တို့တွင်လည်း အကျရိပ်များ မြင်တွေ့ခဲ့ရသည်။
အခြားသောအာရှဈေးကွက်များတွင် သြဂုတ် ၂၅ ရက် စတော့ဈေးအဖွင့်တွင် ဈေးနှုန်းနည်းပါးစွာဖြင့် ဖွင့်လာသော်လည်း ဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူလျက်ရှိသည်။
ကုန်စည်နှင့် စီးပွားရေးဝန်ဆောင်မှုများကို ဒုတိယအများဆုံးတင်သွင်းစားသုံးသူ ကမ္ဘာဒုတိယစီးပွားရေးအကြီးဆုံး တရုတ်၏ ဝယ်လိုအားတွင် အားတည်ထားရသည့် ကုမ္ပဏီနှင့် နိုင်ငံများတွင်လည်း သက်ရောက်မှုများဖြစ်လာမည်ကို ရင်းနှီးမြုပ်နှံသူများက စိုးရိမ်နေသည်။
ယခင်တွေးထင်ထားသည်ထက် စီးပွားရေးပိုမိုဆိုးနိုင်သည်ဟု စိုးရိမ်မှုများကြောင့် နှေးဖင့်နေသည့် စီးပွားရေးကို ပြန်လည်ကုစားနိုင်ရေးအတွက် ဗဟိုဘဏ်က နိုင်ငံ့ငွေကြေး ယွမ်တန်ဖိုးကို လျှော့ချ သတ်မှတ်ခဲ့သည်။
ယွမ်တန်ဖိုးနည်းခြင်းကြောင့် တရုတ်ပို့ကုန်များကို ဈေးချိုစေပြီး ကမ္ဘာ့ကုမ္ပဏီများကို ပိုမိုဆွဲဆောင်နိုင်အတွက် ယခုကဲ့သို့ ယွမ်တန်ဖိုးကို ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက ဗဟိုဘဏ်က လျှော့ချသတ်မှတ်ခဲ့ခြင်းပင်ဖြစ်သည်။
Ref: BBC