နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော် (၈)မြို့နယ်တွင် ဝင်ပြိုင်ရန် စာရင်းပေးထားသည့် အမတ်လောင်း ၄၃ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီး (၃)ဦးသာ ပါဝင်သည်။
လက်ရှိသမ္မတဦးသိန်းစိန်၏ မဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆယ်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဟောင်း ဦးမြတ်ဟိန်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။