သြဂုတ် ၁၅ ။ ။ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (International Symposium on Constitutional Complains) သို့တက်ရောက်ရန် သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီခွဲက ရန်ကုန်မြို့မှ မြန်မာအဖွဲ့ ထွက်ခွာသွားသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးချုပ်၏ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဂျကာတာမြို့၌ ၁၄ ရက်မှ ၁၈ ရက်နေ့ထိ ဆွေးနွေးကြမည်ဖြစ်သည်။
ဒေါ်လှမျိုးနွယ်နှင့်အတူအဖွဲ့ဝင်အဖြစ် ခုံရုံးအဖွဲ့ဝင် ဒေါ်ကျင်စန်း လိုက်ပါသွားသည်။