ဒီတခါတော့ ထူးထူးခြားခြား တည်းခိုခန်းတွေရှိတဲ့ ဆွီဒင် နိုင်ငံဆီကို သွားကြရမှာဖြစ်ပါတယ်။ ဆွီဒင် ဟိုတယ်လုပ်ငန်းတခုက အပြည့်အစုံ ပြင်ဆင်ထားတဲ့ ဟိုတယ်ခန်းကို ကိုယ့်စိတ်ကြိုက် အပန်းဖြေချင်တဲ့နေရာဆီကို အရောက်ပို့ပေးနေပါတယ်။ ကိုယ့်စိတ်ကြိုက်နေရာမှာ ဘယ်လိုဟိုတယ်ခန်းကို ပြင်ဆင်ပေးသလဲဆိုတာကို သိရဖို့ မစုမြတ်မွန်နဲ့အတူ To Go Hotel ဝန်ဆောင်မှုကို ကမ္ဘာတလွှားခရီးသွားလုပ်ငန်းကနေ သွားလေ့လာကြရအောင်ပါ။