အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ အားလုံး မဟာဗျူဟာမြောက် ထိုးစစ်တွေကို မြန်မာနိုင်ငံအနှံ့အပြားစတင်ဆင်နွှဲလာချိန် တစ်ဖက်မှာလည်း စစ်ကောင်စီက အဓိကမြို့ကြီး ပြကြီးတွေမှာတပ်အင်အားတွေဖြည့်တင်းပြီး လုံခြုံရေးတွေတင်းကြပ်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတတိယပတ်ထဲမှာစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို တပ်အင်အား ၁၄,၀၀၀ ရွှေ့ပြောင်းပြီးခံစစ်စည်းအတွက်ပြင်ဆင်မှုတွေလုပ်ခဲ့သလို ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာပါတပ်အင်အားတိုးချဲ့ပြီး လုံခြုံရေးတင်းကြပ်လာခဲ့တာဖြစ်ပါတယ်။