ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနွားတင်သွင်းခွင့်ပေးဖို့အတွက် ထိုင်းနိုင်ငံသားတွေဦးဆောင်ပြီး မဲဆောက်-ဘန်ကောက်-ချင်းမိုင်လမ်းကို ပိတ်ဆို့ကာ ဒီီနေ့နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က ဆန္ဒပြခဲ့ကြပါတယ်။
ဒီလို ဆန္ဒပြရတာဟာ ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံက နွားတင်သွင်းခွင့်ကို ထိုင်းအစိုးရဘက်က ပြန်ခွင့်ပြုပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြတဲ့ထဲမှာပါဝင်တဲ့ ထိုင်းဒေသခံတွေက ပြောပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမဝိုင်းတော်သား မောင်ခက်နွေ ကတင်ဆက်ပေးမှာပါ။
ရိုက်ကူး/တည်းဖြတ်/တင်ဆက် - မောင်ခက်နွေ