ကလေးငယ်တွေအတွက် အံ့အားသင့်ဖွယ် လှူဒါန်းမှုပြုလုပ်ခဲ့သည့် မက်ဆီ

ကလေးငယ်တွေအတွက် အံ့အားသင့်ဖွယ် လှူဒါန်းမှုပြုလုပ်ခဲ့သည့် မက်ဆီ

သြဂုတ် ၁၁၊ စပိန် ။         ။ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီသည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များအတွက် ယူနီဆက်ဖ်သို့ ပေါင် ၃၁၅,၀၀၀ လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

ဘာစီလိုနာကြယ်ပွင့်မက်ဆီသည် အာဂျင်တီးနားငွေ ၄ ဒသမ ၅ သန်းတန်ဖိုးရှိသော ချက်လက်မှတ်ကို ဗီဒီယိုဖိုင်မှ တစ်ဆင့် အံ့အားသင့်ဖွယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 'Un Sol Para Los Chicos' 'ကလေးများအတွက် နေရောင်ခြည်' ဟု အမည်ရသည့် စပိန်ရုပ်သံအစီအစဉ်တစ်ခုမှ မက်ဆီက လှူဒါန်းခြင်း ဖြစ်သည်။

မက်ဆီသည် ၂၀၀၇ ခုနှစ်က စတင်ပြီး မက်ဆီဖောင်ဒေးရှင်း တည်ထောင်ကာ ကလေးငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးကို အဓိက ထားကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်နေသူ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ယူနီဆက်ဖ်၏ အထူးသံတမန်ဖြစ်လာခဲ့ပြီး ကလေးများအတွက် ပိုမိုကူညီနိုင်ခဲ့သည်။

ယူနီဆက်ဖ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိနေသည့် ဘာစီလိုနာအသင်းကလည်း မက်ဆီ၏ လုပ်ငန်းစဉ်များကို ထောက်ပံ့အားပေးမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly