တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကယ်ဆယ်ရေး နေရာချထားရေးဆောင်ရွက်နေတယ်လို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC )က ပြောပါတယ်။
ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ၁၁၁၁ စစ်ဆင်ရေးကို ဆင်နွဲနေကြတာပါ။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ဒီကနေ့ထိ ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်က ကုန်းကြောင်း လေကြောင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လွိုင်ကော်မြို့တွင်းနေထိုင်သူ ၃၀,၀၀၀ ထက်မနည်း ဒီရက်ပိုင်းအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။
လွိုင်ကော်မြို့တွင်းမှ ပိတ်မိနေသူတွေ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခြင်းမရှိသေးသူတွေ ထောင်ချီရှိနေပြီး သူတို့ကို ဘေးလွတ်ကင်းရာ ပို့ဆောင်ရေးစီစဉ်ပေးနေတယ်လို့ IEC ကပြောပါတယ်။
စစ်ဘေးရှောင်တွေထဲက အမျိုးသမီးတွေ ကလေးငယ်တွေအတွက် ရောဂါကာကွယ်ရေး တကိုယ်ရေသန့်ရှင်းရေး စတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ပေးနေတယ်လို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး(၁) မဇူးပဒုမ္မာက ဆိုပါတယ်။
KMN
#Mizzima
#ကရင်နီ
#အမျိုးသမီး