UNHCR အဆိုအရ ၂၀၂၃ အောက်တိုဘာလ အထိ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက်ဟာ ၁၉၇၅၀၀၀ ဦးအထိ ရှိလာပီ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ စစ်ဘေးရှောင် ပြဿနာကို ကိုင်တွယ်ဖို့ အခြေခံအကျဆုံး တာဝန်ရှိမှုကိုတောင် လုပ်ဆောင်နိုင်ကြပါရဲ့လား…။
ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့ သူတွေရဲ့ အခက်အခဲတွေကကော ဘာတွေဖြစ်မလဲ…။
လူသားချင်း စာနာမှု အကူအညီတွေဟာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ပိတ်ဆို့တားဆီးမှုတွေကြောင့် တနိုင်ငံလုံး အတိုင်းတာနဲ့ ကူညီဖို့ ခက်ခဲနေတုန်းပါ။
နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို တခါမှ မရဘူးတဲ့ ဒေသခံ ကူညီရေးအဖွဲ့ အကြောင်း စတာတွေကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရပါမယ်..။