ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ အညာမြေပြန့်စစ်ဆင်ရေးအနေနဲ့ ဒရုန်းအပြင် Fixed-Wing လေယာဉ် ငယ်တွေနဲ့ပါတိုက်ခိုက်နေတယ်လို့ မကွေးတိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အညာဒေသဟာ မြေပြန့်ဖြစ်တာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေကိုဖြတ်တောက်ဖို့ ဒရုန်းစစ်ဆင် ရေးကိုသာ အဓိကအားပြုနေရတာပါ။
ဒရုန်းစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို အထိနာစေပေမယ့်လည်း စစ်ဆင်ရေးတိုးမြှင့်ဖို့ ဒရုန်း တွေလိုအပ်နေတယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သူရိန်တပ်ခွဲတာဝန်ခံနဲ့ ပခုက္ကူခရိုင် MRTF တပ်ဖွဲ့ဒရုန်းတာဝန်ခံကပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN