လာမည့် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဝါရင့်အတိုက်အခံပါတီ(NLD)အနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းဦးရေမှာ ၁၁၃၂ဦးဖြစ်သည်။ ယင်းတို့အနက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLDအမတ်လောင်းများမှာ နေပြည်တော်ကောင်စီရုံးရှိ ကော်မရှင်ရုံးခွဲတွင် ဩဂုတ်လ ၅ရက်က အမည်စာရင်း လာတင်ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLD အမတ်လောင်း ၁၀ဦးအနက် ထူးခြားချက်အနေဖြင့် အမျိုးသမီးတစ်ဦးတည်းသာ ပါရှိသည်ကိုတွေ့ရပြီး ၎င်းတို့ ၁၀ဦးလုံး၏ လက်ရှိ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် စသည့် ကိုယ်ရေးအကျဉ်းအား မဇ္ဈိမသတင်းထောက် မင်းမင်းက စုစည်းထားပါသည်။
၁)
အမည် - ဒေါ်ခင်မျိုးသွင်
အလုပ်အကိုင် - တောင်သူ
ပညာအရည်အချင်း - B.Sc (Maths)
မွေးသက္ကရာဇ် - ၂၉. ၄.၁၉၇၄
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၉/ပမန(နိုင်) ၀၀၁၃၉၂
လက်ရှိ နေရပ်လိပ်စာ - အမှတ်(၃)နယ်မြေ၊ ရေဆင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်
အဖအမည် - ဦးစံမြင့်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ဇေယျာသီရိမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၂)
အမည် - ဦးရည်မွန်(ခ)ဦးတင်သစ်
အလုပ်အကိုင် - ကဗျာဆရာ၊ စာရေးဆရာ၊ METTI – MSG အဖွဲ့ဝင်
ပညာအရည်အချင်း - တတိယနှစ်၊ အမ်ဘီဘီအက်စ်(၁၉၈၄ - ၁၉၈၈)
မွေးသက္ကရာဇ် - ၉.၈.၁၉၆၇
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၉/ပမန(နိုင်) ၁၃၁၈၉၅
လက်ရှိ နေရပ်လိပ်စာ - အကွက် (၃၂၃)၊ စိန်ပန်းရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး
အဖအမည် - ဦးကျော်ဆွေ
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ပုဗ္ဗသီရိမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၃)
အမည် - ဦးကျော်မင်းလှိုင်
အလုပ်အကိုင် - အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး
ပညာအရည်အချင်း - သိပ္ပံဘွဲ့(ရူပဗေဒ)
မွေးသက္ကရာဇ် - ၂၀.၅.၁၉၇၇
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၇/သကန(နိုင်) ၀၈၃၃၅၀
လက်ရှိ နေရပ်လိပ်စာ - အမှတ်(၇၄၁၇) နေကြာလမ်း၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိ
အဖအမည် - ဦးစံကြီး
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ဥတ္တရသီရိမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၄)
အမည် - ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်
အလုပ်အကိုင် - နိုင်ငံရေးသမား၊ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်
ပညာအရည်အချင်း - B.A(English)
မွေးသက္ကရာဇ် - ၂၆.၃. ၁၉၈၁
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၁၂/လသန(နိုင်) ၀၁၇၁၄၂
လက်ရှိ နေရပ်လိပ်စာ - အခန်း(၅၀၆)၊ တိုက်(A)၊ ဗိုလ်မြတ်ထွန်းတာဝါ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
အဖအမည် - ပါမောက္ခ ဒေါက်တာမြသော်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ဇဗ္ဗူသီရိ
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၅)
အမည် - ဦးသန့်ဇင်ထွန်း
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ဒက္ခိဏသီရိမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၆)
အမည် - ဦးသန်းစိုးအောင်
အလုပ်အကိုင် - အင်ဂျင်နီယာ
ပညာအရည်အချင်း - A.G.T.I(Mechanical)၊ B.A(စိတ်ပညာ)
မွေးသက္ကရာဇ် - ၆.၉.၁၉၆၆
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၉/ပမန(နိုင်) ၁၀၉၁၁၆
လက်ရှိ နေရပ်လိပ်စာ - အမှတ် ၄၇၊ သစ္စာလမ်း၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့
အဖအမည် - ဦးသစ်ဆန်း(ခ)ဦးမောင်မောင်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ပျဉ်းမနား
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၇)
အမည် - ဦးကျော်တင့်
အလုပ်အကိုင် - ကဖေး - အအေး
ပညာအရည်အချင်း - BS.c(Maths)
မွေးသက္ကရာဇ် - ၁၅.၁၂.၁၉၆၃
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၆/တကန(နိုင်) ၀၀၈၇၆၁
လက်ရှိ နေရပ်လိပ်စာ - အောင်သီဟလမ်း၊ အောင်ဇေယျရပ်ကွက်၊ တပ်ကုန်းမြို့
အဖအမည် - ဦးကျော်ဟန်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - တပ်ကုန်းမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၈)
အမည် - ဦးမျိုးဇော်ဦး
အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
ပညာအရည်အချင်း - LL.B
မွေးသက္ကရာဇ် - ၈.၄.၁၉၈၂
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၈/အလန(နိုင်) ၁၁၈၉၃၆
လက်ရှိ နေရပ်လိပ်စာ - ဂန္ဓမာ(၃)လမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့
အဖအမည် - ဦးအေးကြူ
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - လယ်ဝေးမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်သူ့လွှတ်တော်
၉)
အမည် - ဦးမောင်မောင်ဆွေ
အလုပ်အကိုင် - ဆောက်လုပ်ရေးလုပ်ငန်း
ပညာအရည်အချင်း - BA(History)
မွေးသက္ကရာဇ် - ၂၃.၅.၁၉၇၁
လူမျိုး/ဘာသာ - ရခိုင်၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၁၂/သကတ(နိုင်) ၀၇၃၂၀၃
လက်ရှိ နေရပ်လိပ်စာ - မလိခလမ်း၊ ဇဝနဒီပရပ်ကွက်။ ပုဗ္ဗသီရိမြို့နယ်
အဖအမည် - ဦးခင်မောင်ဆွေ
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၉)
ယှဉ်ပြိုင်မည့် လွှတ်တော် - အမျိုးသားလွှတ်တော်
၁၀)
အမည် - ဦးကျော်မြင့်ဦး
အလုပ်အကိုင် - ကျူရှင်ဆရာ
ပညာအရည်အချင်း - စိုက်ပျိုးရေးသိပ္ပံဘွဲ့
မွေးသက္ကရာဇ် - ၁၂.၃.၁၉၇၄
လူမျိုး/ဘာသာ - ဗမာ၊ ဗုဒ္ဗဘာသာ
မှတ်ပုံတင်အမှတ် - ၉/လဝန(နိုင်) ၀၀၇၈၆၇
လက်ရှိ နေရပ်လိပ်စာ - အမှတ်(၃)ရပ်ကွက်၊ လယ်ဝေးမြို့
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၀
ယှဉ်ပြိုင်မည့် လွှတ်တော် - အမျိုးသားလွှတ်တော်