ကွာလာလမ်ပူ၊ သြဂုတ် - ၅ ။ ။ တောင်တရုတ်ပင်လယ်အတွင်းတွင် ကျွန်းတုများတည်ဆောက်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အငြင်းပွားရေပိုင်နက်ပြဿနာကို အဓိကဆွေးနွေး ခဲ့ကြသည့် သြဂုတ်လ ၅ရက်နေ့က ကျင်းပခဲ့သော အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ပြဿနာအတွက် ကျင့်ထုံးဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲများကို အရှိန်မြှင့်ရန် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ တို့သေဘာတူ ခဲ့ကြသည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများ တည်ဆောက်နေမှုကို ရပ်တန့်မည်လား ဟုမေးမြန်းသည့်အခါတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ် ယီက ရပ်ခဲ့ပြီးပါပြီ လေယာဉ်နဲ့ သွားကြည့်ရုံ ပါပဲဟု ပြန်လည်ဖြေကြားသွားခဲ့သည်။